Skip to main content
King County logo

ကာကွယ်ဆေး အပြည့်အဝမထိုးရသေးသူ မည်သူမဆိုအတွက် ( ပြည်နယ် ကျန်းမာရေးဌာန၏အမိန့်) State Department of Health Order(အင်္ဂလိပ်ဘာသာဖြင့်) သည်လည်း ဆက်လက်သက်ရောက်ဦးမည် ဖြစ်သည်- ကာကွယ်ဆေး အပြည့်အဝမထိုးရသေးသူများအား “အဆောက်အဦများအတွင်းတွင် အများပြည်သူရှိသော မည်သည့်အနေအထားတွင်မဆို သို့မဟုတ် ပြင်ပတွင်ရှိပြီး အခြားသူများထံမှ ကိုယ်ခန္ဓာချင်း ခြောက်ပေ အကွာအဝေးတွင် မနေနိုင်ပါက မျက်နှာဖုံးတပ်ထားရန်” သတ်မှတ်ထားပါသည်။

အောက်ပါနေရာများတွင် လူတိုင်း မိမိနှင့်ကောင်းစွာတော်သည့် မျက်နှာဖုံးများကို တပ်ဆင်သင့်ပါသည်-

  • ဆုံးမပဲ့ပြင်သည့်နေရာများ၊
  • အိုးမဲ့အိမ်မဲ့ဂေဟာများ၊
  • ကျောင်းများနှင့် ကလေးထိန်းအနေအထားများ၊
  • အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့်
  • ဆရာ၀န်ရုံးခန်းများ၊ ရေရှည်စောင့်ရှောက်သည့်နေရာနှင့် ဆေးရုံများ

ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူများကို အနေအထားများစွာတွင် မျက်နှာဖုံး/နှာခေါင်းစည်းတပ်ခြင်းကို ရပ်စဲခွင့်ပြုရန် (အမေရိကန် ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန) U.S. Centers for Disease Control and Prevention (CDC) မှ မကြာသေးမီက ၎င်း၏လမ်းညွှန်ချက်အသစ် ပြုလုပ်ခဲ့ပါသည်။ [ဤဝက်ဘ်ဆိုက်သည် အင်္ဂလိပ်ဘာသာနှင့်သာ ဖြစ်သည်။] CDC ၏ ညွှန်ကြားရေးမှူး (ရိုရှဲလ် ဝလန်းစကီး) Rochelle Walensky နှင့် (ဝါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန) Washington state Department of Health တို့က အဆောက်အဦအတွင်းမျက်နှာဖုံးတပ်ရန် ပြဋ္ဌာန်းချက်အား COVID-19 ဒေသန္တရနှုန်းများ၊ ကာကွယ်ဆေးထိုးပြီးသည့် နှုန်းများတို့နှင့် ချိတ်ဆက်ထားရမည်ဟု ၎င်းနောက်တွင် ရှင်းပြပါသည်။

King County တွင် ဖြစ်ပျက်နေသည့်အရာအကြောင်း မေးစရာများရှိပါက King County COVID-19 ဖုန်းဖြင့် ဆက်သွယ်ရသည့်ဌာနကို တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈း၀၀ နာရီမှ ည ရး၀၀ နာရီ အထိ 206‑477‑3977 တွင် ဆက်သွယ်ပါ။ ဘာသာစကား အကူအညီ ရနိုင်ပါသည်။