Skip to main content
King County logo

ကျန်းမာသော ၀ါရှင်တန် (Healthy Washington) - ပြန်လည်ကျန်းမာမှုအတွက် လမ်းပြမြေပုံ

ဇွန်လ ၃၀ ရက်နေ့မှစ၍ ဝါရှင်တန်ပြည်နယ်သည် COVID-19 ကန့်သတ်ချက်အများစုကို ဖယ်ရှားတော့မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းအများစုသည် COVID-19 ကပ်ရောဂါ မဖြစ်မီက လူဦးရေကန့်သတ်ချက်များ သို့မဟုတ် လူအချင်းချင်း ခြား၍နေရန်သတ်မှတ်ချက်များ မရှိဘဲ လုပ်ငန်းလည်ပတ်ခဲ့သကဲ့သို့ လည်ပတ်ရန် ရွေးချယ်နိုင်သည်ဟု ယင်းကဆိုလိုသည်။ မည်သည့်အဖွဲ့အစည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းမဆိုသည် ကာကွယ်ဆေးများ အပြည့်အ၀ မထိုးရသေးသည့်သူများကို ကာကွယ်ရန်အတွက် လူဦးရေကန့်သတ်ချက်များ သို့မဟုတ် လူအချင်းချင်း ခြား၍နေခြင်းတို့ကို ဆက်၍ထိန်းသိမ်းထားရန်လည်း ရွေးချယ်နိုင်သည်။ မျက်နှာဖုံးဆိုင်ရာ လမ်းညွှန်ချက်သည် ပြည်နယ်ကျန်းမာရေး အမိန့်အတိုင်း ဖြစ်ပါမည်။ ဤအပြောင်းအလဲများကို ထင်ဟပ်ရေးအတွက် ကျွန်ုပ်တို့၏ အင်တာနက်စာမျက်နှာများကို အသစ်ပြုလုပ်ရန် ဆောင်ရွက်နေပါသည်။


နေမကောင်းဖြစ်နေပါသလား၊ COVID-19 အတွက် စစ်ဆေးမှုခံယူပါ။

အကယ်၍ သင်အောက်ပါတို့ မှ တစ်ခုခုကို ခံစားနေရပါက COVID-19 အတွက် စစ်ဆေးမှုခံယူပါ။

  • ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ သို့မဟုတ် အရသာပျက်ခြင်း သို့မဟုတ် အနံ့ မရခြင်း။

    သို့မဟုတ်

  • သင်သည် COVID-19 ရောဂါသည်နှင့် အနီးကပ်ထိတွေ့ခဲ့ပါက။

သင်၏ရောဂါလက္ခဏာ မပြင်းထန်သော်လည်း စစ်ဆေးမှု ခံယူသင့်သည်။ စစ်ဆေးမှုခံယူရန် သင့်ဆရာဝန်ကို တောင်းဆိုပါ။ အကယ်၍ သင့်တွင် ဆရာဝန်တစ်ဦး မရှိပါက၊ သို့မဟုတ် သင့်ဆရာဝန်မှ စစ်ဆေးမပေးနိုင်ပါက၊ ကျွန်ုပ်တို့  ကူညီနိုင်ပါသည်။ 206-477-3977 သို့ ( နံနက် ၈ နာရီမှ ည ၇ နာရီအထိ) ဆက်သွယ်နိုင်ပါသည်။ သင်စကားပြန်လိုအပ်သည့် ဘာသာစကား အမည်ကို ပြော၍ စကားပြန် တောင်းဆိုပါ။

မိမိတွင် COVID-19 မရှိကြောင်း မသေချာမချင်း အခြားသူများနှင့် ဝေးဝေးနေပါ။ နေမကောင်းဖြစ်ဖြစ်ချင်း စစ်ဆေးမှု ခံယူခြင်းသည် မိမိ၏မိသားစု၊ မိတ်ဆွေများနှင့် လူမှုအသိုင်းအ၀ိုင်းတို့ကို ကာကွယ်နိုင်ပါသည်။


Link/share our site at kingcounty.gov/covid/burmese